Wednesday, June 14, 2017

သွေးပြန်ကြောထုံးခြင်း( Varicose Veins )

သွေးပြန်ကြောထုံးခြင်း( Varicose Veins )
=============================
သွေးပြန်ကြောထုံးခြင်းဟာ အမျိုးသားထက်အမျိုးသမီးများက ပို၍အဖြစ်များပါတယ်။သွေးပြန်ကြောရှိတဲ့နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အဖြစ်များတာကတော့ ဒူးအောက်ပိုင်းခြေသလုံးနေရာများမှာအဖြစ်များပါတယ်။သွေးကြောထုံးတဲ့နေရာမှာဖုဖောင်းကြွပြီးသွေးပြန်ကြောများတွန့် လိမ့် ကောက်ကွေးနေပြီးသွေးကြောပြင်များအကြည် ရဆိုးပါတယ်။လူတစ်ရာမှာသွေးကြောထုံးသူဟာ ငါးယောက်လောက်သာတွေ့ ရပြီအသက်(၄၀)ကျော်အရွယ်မှာအဖြစ်များတာတွေ့ ရတတ်သည်။ငယ်ရွယ်သူများလည်းတွေ့ ရတတ်ပါတယ်။ဘဝနေထိုင်မှု |အစားအသေက်|ကြောင့်လည်းဖြစ်တတ်ပါသည်။မျိုးရိုးနဲလည်းသက်ဆိုင်ပါသည်။
ဖြစ်ရသောအကြောင်းရင်းများ
====================
သွေးကြောထုံးသူအများစုဟာ အကြောင်းရင်းကိုမယ်မယ်ရရမသိရပေမယ်ဖြစ်နိုင်တာကတော့ အောက်ပါအတိုင်းယူဆရပါသည်။
သွေးကြောများဟာ နှလုံးကနေ ညှစ်အားကြောင့် သွေးလွတ်ကြောမှတဆင့်တကိုယ်လုံးပြန့် နှံပြီခန္ဓာကိုယ်အနှံရောက်ရှိပြီ ၄င်းမှတဆင့် နှလုံးဆီပြန်လာသောသွေးပြန် ကြောဆိုတာရှိပါတယ်။၎င်းသွေးပြန်ကြောများဟာအရေးပြားတွင်မြင်ရသောအကြောများဖြစ်ပါတယ်။သွေးကြောထုံးတာဟာ သွေးပြန်ကြောမှာသာဖြစ်တတ်တာပါ။၎င်းသွေးပြန်ကြောအတွင်းတဖက်သတ်သာသွေးစီးအောင်လုပ်ပေးသော ( Leaflet Valves) အဆို့ ရှင်ဆိုတာရှိပါတယ်။သွေးလွှတ်ကြောကတော့နှလုံးညှစ်အားကြောင့်သွေးစီးသွားနိုင်ပေမဲ့ သွေးပြန်ကြောထဲက သွေးတွေ နောက်ပြန်မစီးအောင်( Leaflet Valves) ကလုပ်ဆောင်ပေးပါတယ်။ Leaflet Valves က ကောင်းကောင်းမလုပ်ဆောင်နိုင်ရင်တော့သွေးကြောထုံးရောဂါ ဖြစ်ရခြင်းဖြစ်ပါတယ်။အမှန်တော့ သွေးပြန်ကြောများထုံးတာမဟုတ်ပါဘူး။သွေးပြန်ကြောများဖောင်းတွန့် သွားပါ။  
ဖြစ်နိုင်ချေရှိသူများ
°°°°°°°°°°°°°°°°°°°
* ခြေသလုံးတုတ်သူများ|အဝလွန်သူများ|အ
   ဆီများသူ များကဖြစ်နိုင်ချေပို၍အဖြစ်များပါ
   သည်။
* ကိုယ်ဝန် တားဆေးသောက်သူများ|ကိုယ်
   ဝန်ဆောင်မိခင် များမှာလည်းတွေရတတ်ပါ
   သည်။ခလေးများများမွေးဖွားသောမိခင်များ
   မှာပို၍တွေ့ ရတတ်သည်။
* ဒီရောဂါဟာ အလုပ်အကိုင်နဲလည်းသက်
   ဆိုင်ပါတယ်။အချိန်ကြာကြာအလုပ်လုပ်ရ
   သူများ|အထိုင်များသူများ| ရောဂါအခံတခုခု
    ရှိသူများ|မျိုးရိုးရှိသူများ|အလုံးအကျိတ်တွေ
    ရဲ ဖိအားကြောင့်လည်းဖြစ်နိုင်ပါတယ်။ဗိုက်
    တင်ပါး ပေါင် ခွဲစိတ်တဲ့အခါ သွေးပြန်ကြော
     ထိခိုက်မှုကြောင့်လည်းဖြစ်တတ်ပါသည်။
    လိပ်ခေါင်းရောဂါ လည်းသွေးပြန်ကြောထုံး
    ခြင်းရောဂါတစ်မျိုးပါ။
ရောဂါလက္ခဏာများ
••••••••••••••••••••••••
* ခြေသလုံးတွင်သွေးကြောထုံးခြင်း|အကျဉ်း
   တန်ခြင်း။
* ခြေထောက်ရောင်လာခြင်း။
* ကြွက်သားများနာကျင်ခြင်း။
* သွေးပြန်ကြောများဖောင်းတွန်လာခြင်း။
*  ထုံကျဉ်လာပြီ တင်းရောင်လာခြင်း။
* ခြေထောက်လေးလံလာခြင်း။
* မတ်တပ်ရပ်ရင်ပို၍နာခြင်း။
* ခြေထောက်လေးလံလာခြင်း။
* အနာဖြစ်ခြင်း|ဝဲနှင်းခူးဖြစ်ခြင်း။
* အရေးပြားညိုမဲခြင်း။
* သွေးကြောများအတွင်းနံရံတွင် အဆီများထူ
   ထပ်ခြင်း။
* သွေးကြောများ စိပ်ခြင်း |ပြာခြင်း|မဲခြင်း စ
    သော အရောင်အမျိုးမျိုးပြောင်းလဲလာခြင်း။
ကုသမှု 
*******
-  Varicose Veins ရောဂါ ဖြစ်လျှင် ဆရာဝန်
  နှင့်ပြသ၍ကုသမှုခံယူပါ။
-  ဒီရောဂါကိုကုသနည်းအမျိုးမျိုးရှိပါတယ်။
    ဆေးမကုသခင် အနေအထိုင်ပြုပြင်ပါ။ရော
    ဂါမဆိုးခင်အနေအထိုင်ပြောင်းလဲမှုကြောင့်
    သက်သာနိုင်ပါတယ်။
- အစားအသောက်နှင့်လည်းသက်ဆိုင်ပါ
   တယ်။ကြာကြာမတ်တပ်ရပ်လုပ်ကိုင်သူများ
   အလုပ်ပြောင်းပါကလည်းသက်သာနိုင်ပါ
   တယ်။
- ကိုယ်ကာယလေ့ကျင်ခြင်း|ကြွက်သားလေ့
  ကျင့်ခန်းပြုလုပ်ပေးပါ။
- အဝလွန်သူများ ဝိတ်လျော့ခြင်းပြုလုပ်ပါ။
- အိပ်တဲ့အခါ ခြေထောက်အောက်မှာတခုခုခံ
   အိပ်ပါ။
- တစ်ချိုလူနာများမှာလည်း ဆေးကုသဖို့ မလို
   အပ်ဘဲသက်သာသွားလည်းရှိပါတယ်။
- ရောဂါ အခြေအနေမှာ မှုတည်ပြီးကုသပေး
  လည်းရှိပါတယ်။
ဆောင်ရန်ရှောင်ရန်များ
°°°°°°°°°°°°°°°°°°°°°°°°
* အကြာကြီးမတ်တပ်ရပ်ခြင်း|ထိုင်ခြင်းမျိုးမပြု
   လုပ်နှင့်။
* ခန္ဓာကိုယ်ကို နာရီဝက်တစ်ခါပြောင်းလဲပေး
   ပါ။
* ကြွက်သားအားကောင်းစေမဲ့လေ့ကျင့်ခန်း
  မျိုးများများပြုလုပ်ပါ။
* သွေးပူလေ့ကျင့်ခန်းများလည်းပြုလုပ်လေ့
    ကျင့်ပါ။
* ခြေလိမ်ထိုင်ခြင်း|အချိန်ကြာကြာတစ်မျိုး
   တည်းထိုင်ခြင်း များမပြုလုပ်ပါနှင့်။
* ထိုင် |နား|အိပ် ခြင်းမျိုးအချိန်မှာ ခြေထောက်
   ကိုအထက်သို့ မြင့်ထားပါ။
* အနေအထိုင် အစားအသောက်များပြုပြင်
   ပြောင်းလဲပေးပါ။
* ဒေါက်မြင့် ဖိနှပ်များဝတ်ခြင်းကိုရှောင်ပါ။
   

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...