ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး
ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အဟောင်းကြီးကို ပြန်လည်ပြုပြင်ထားတာလည်းဖြစ်ပါတယ်။ Sousou လို့ခေါ်တဲ့ဒီဟိုတယ်ကြီးမှာ အလောင်းတွေဟာမီးသင်္ဂြိုဟ်ဖို့ စောင့်ဆိုင်းကြရတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက မီးသင်္ဂြိုဟ်တဲ့နေရာတွေဟာ အမြဲတမ်းပြည့်နှက်နေလေ့ရှိတာကြောင့် ဒီဟိုတယ်ကနေစောင့်ဆိုင်းကြရတာဖြစ်ပါတယ်။
မီးသင်္ဂြိုဟ်တဲ့နေရာတွေကို ပိုမိုတည်ဆောက်ဖို့လိုနေပေမယ့် ဆောက်စရာနေရာမရှိဘူးဖြစ်နေပါတယ်။ ဒါ့ကြောင့်ဒီလုပ်ငန်းကို Hisao Takegishiက မီးသင်္ဂြိုဟ်ခြင်းမခံရသေးခင် စောင့်ဆိုင်းနိုင်ဖို့ ဒီလုပ်ငန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။ တစ်နေ့ကို ယန်း ၉၀၀၀ (၅၇ပေါင်)ခန့်ပေးရပြီး တစ်လောင်းထားလို့ရပါတယ်။ ၄ရက်အထိပဲထားလို့ရပါတယ်။
ဒီဟိုတယ်မှာတော့ Air-conကိုပဲအသုံးပြုပြီး အလောင်းတွေကို ထိန်းသိမ်းထားပါတယ်။ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေရဲ့ သေဆုံးနှုန်းဟာ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာပါတယ်။ လူ၂သောင်းခန့် နှစ်စဉ်ပိုမိုပြီးသေဆုံးလာပါတယ်။ ဒီပုံစံအတိုင်းဆက်သွားရင် ၂၀၄၀မှာ တစ်နှစ်ကိုလူ၁.၇သန်းလောက်သေဆုံးဖို့ရှိနေပါတယ်။
ကာဝါစာကီမြို့သူမြို့သားတွေထဲက အချို့ကတော့ ဒီလူသေဟိုတယ်ကြီးပေးရတာကို စိတ်ပျက်နေကြပါတယ်။ဒါပေမယ့်လည်း ဟိုတယ်ကြီးရဲ့ဖောက်သည်တွေကတော့ အလောင်းတွေကိုထားစရာရှိသွားလို့ပျော်နေကြပါတယ်။
Source: metro
Credit: shwemom
Subscribe to:
Post Comments (Atom)
ဂျပန်က လူသေတွေထားတဲ့ဟိုတယ်ကြီး
ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...
-
သူငယ်အိမ် စောင်းခြင်း နဲ့ ပျင်းတဲ့မျက်စိ..Astigmatism and Amblyopia 1. ကျွန်မနာမည့့် ပါ၊ အသက်က ၃၀ ပြည့် ပါတော့မယ်၊ ကျွန်မက မျက်မှန် ...
-
နွယ်နီနတ်ပန်းပင် (ခ)ဂင်ပိတ်ပင် 💬💬💬💬💬💬💬💬 သဘာဝဆေးဘက်ဝင်ပုံနှင့် * နွယ်နီနတ်ပန်း *အပင်ကို ယခုမှ လေ့လာမှုရရှိ၍ ဗဟုသုတအြ...
-
၁။ အဆုတ်တွင်း ရေ၀င် ရောဂါ ( Health Digest ) အဆုတ်တွင်း ရေ၀င်တယ်ဆိုတဲ့ စကားလုံးဟာ အသုံးအနှုန်းမှားနေပါတယ်။ သာမန်စဉ်းစားလိုက်တဲ့အခါ အဆုတ်ထဲ...
No comments:
Post a Comment