Tuesday, June 6, 2017

အပြစ်​တင်​မ​စောနဲ့




ကလေးမိခင်တစ်ယောက်ဟာ... သူ့ ကလေးကို ပုခက်ထဲထည့်သိပ်ခဲ့ ပြီး ခြံထဲက ရေဘုံဘိုင်မှာ အဝတ်တွေလျှော်ပါသတဲ့ .. ဒါကို သူ့ ရဲ့ အမေဖြစ်သူ အဖွားအိုက အိမ်အပြင်ကနေ ... ထိုင်ရင်းလှမ်းမြင်တော့သူ့ သမီးနေပူနေတာမို့ 
နေပူထဲ မလျှော်ဖို့  အော်ပြောရှာပါတယ် ..  သမီးဖြစ်သူက "ရပါတယ်အမေရဲ့ ဘာမှမဖြစ်ပါဘူး" ဆိုပြီး နေပူထဲ ဆက်လုပ်မြဲလုပ်နေတယ်....အဖွားအိုကလည်း .... "ဟဲ့ နေပူထဲမလုပ်ပါနဲ့  နေထိုင်မကောင်းဖြစ်မယ်" ပေါ့... တတွတ်တွတ်ပြောလို့  မပြီးတော့ဘူး...
သမီးကလည်းသူ့ မအေစကား မကြားသလိုနေလိုက်ရော ဆိုပါတော့  .. သိပ်မကြာဘူး ..  သမီးဖြစ်သူက သူ့ ရင်သွေးလေးရဲ့  အဲ့ ခနဲ ငိုသံကို ကြားမိ လို့ ကြည့် လိုက်တော့... အား…လား…လား .. သူ့ ရင်သွေးကို အဖွားအိုက နေပူထဲလာချထားတာကိုး ..  ဒါနဲ့ သမီးဖြစ်သူကစိုးရိမ်တကြီးနဲ့ 
ဗြုန်းဆိုငေါက်ခနဲ ထရပ်....
ကလေးဆီပြေး ...
ကလေးကိုပွေ့ ချီ ချော့မြူလိုက်ပြီး... "အမေ…အမေဘယ်လိုလုပ်လိုက်တာလဲ ?
အမေ ဘာလို့ ရက်စက်ရတာလဲ " လို့ ... အဖွားအိုကို အပြစ်တင်တာပေါ့
အဖွားအိုက တခွန်းပဲပြောရှာတယ် ... "အေး… အခု ညည်းရင်ထဲကအတိုင်းပဲ...
နေပူထဲက နင့်ကို ငါမြင်နေရတုန်းက... ငါဘယ်လိုခံစားနေမိမလဲဆိုတာ ...
သဘောပေါက်ပလားဟဲ့ " တဲ့  ..
Credit : Original Uploder

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...