Monday, June 12, 2017

အနာဂတ် ချစ်သူကို ပြောပြနိုင်မယ့် သင့်လက်ဖ၀ါးပေါ်က လက္ခဏာများ

နံပါတ်(1) ပုံ လို ဘယ်လက်နှလုံးလမ်းကြောင်းကမြင့်ပြီး ညာလက်နှလုံးလမ်းကြောင်းက နိမ့်နေသူတွေကတော့ သတ္တိရှိတယ်၊ ထက်မြတ်တယ် ၊ စိန်ခေါ်မှုတွေကိုလည်း မဆိုင်းမတွ ရင်ဆိုင်နိုင်သူတွေဖြစ်ပါတယ်။ အချစ်ရေးမှာလည်း အစွဲအလန်းကြီးတဲ့သူတွေဖြစ်ပြီး ငယ်ရွယ်တဲ့ ကောင်လေး ချောချော ကောင်မလေးချောချောတွေနဲ့ ဖူးစာဆုံတတ်သူများဖြစ်ပါတယ်။
နံပါတ်( 2) ပုံအတိုင်း ဘယ်လက်ဝါးရဲ့ နှလုံးလမ်းကြောင်းနဲ့ ဘယ်လက်ဝါးရဲ့ နှလုံးလမ်းကြောင်းနှစ်ခုဟာ ညီညာပြီးထိဆက်နေတယ်ဆိုရင်တော့ သင်ဟာ စိတ်ခံစားမှုထက် အသိတရားကို ဦးစားပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုလက္ခဏာပိုင်ရှင်တွေဟာ ကြင်နာတတ်သူ ၊ အတွေးအခေါ်ကောင်းသူ ၊ စိတ်ခံစားမှုလွယ်ပြီး ဆက်ဆက်ထိမခံတဲ့သူ ၊ ဟန်ဆောင်မှုတွေကိုမုန်းတီးတဲ့သူ မျိုးနဲ့ ဖူးစာဆုံတတ်ပါတယ်။
သင့်အချစ်ရေးဟာ ရေရှည်တည်မြဲပြီး တသက်တာလုံးပေါင်းဖက်သွားရနိုင်တဲ့ အချစ်ရေးမျိုးလည်းဖြစ်နိုင်ပါတယ်။ သင်တို့အချစ်ရေးဟာ အေးချမ်းသာယာမယ်။ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြင်နာမှုရှိကြပြီး သင့်ရဲ့ ချစ်သူဟာ သင့်အပေါ် ဆုံးမသွန်သင်ပေးနိုင်မယ့် ချစ်သူကောင်းတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။

နံပါတ် (3) ပုံအတိုင်း ညာဘက်နှလုံးလမ်းကြောင်းက မြင့်ပြီး ဘယ်ဘက်နှလုံးလမ်းကြောင်းက နိမ့်နေတဲ့ ဒီလက္ခဏာပိုင်ရှင်တွေကတော့ အမှားတွေထဲကနေ အမှန်ဖြစ်အောင် ပြန်လည်ပြောင်းလဲလာနိုင်တဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ လုပ်မယ်ဆိုတဲ့ အလုပ်ကိုလည်း မဖြစ်ဖြစ်အောင်လုပ်တတ်သူများဖြစ်ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးသူများဖြစ်ပြီး ထုံးတမ်းအစဉ်အလာတွေကိုလည်း စိတ်ဝင်စားတဲ့သူတွေမဟုတ်ကြပါဘူး။ ကိုယ်ထင်တာကိုယ်လုပ်တတ်ပြီး ပတ်ဝန်းကျင်နဲ့ တခြားသူတွေကို သိပ်ဂရုမစိုက်တတ်တဲ့သူတွေဖြစ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်သူများဖြစ်ကြတာများပါတယ်။ အသက်ကြီးတဲ့ သူတွေရဲ့ စိတ်ဝင်စားမှုကိုခံရပြီး ဖူးစာဖက်ကလည်း မိမိထက်အသက်ကြီးတဲ့သူတွေနဲ့ ဆုံကြတာများပါတယ်။

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...