Tuesday, June 6, 2017

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ (၂)

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ (၂)
။။။။။။။။။။။။။။။။

အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ ...

ပညာတတ်ပြီးကိုယ်ပညာကိုသူ့နေရာနဲ့သူအသုံးချပြီး ယောက်ျားနဲ့  မောင် တစ်ထမ်းမယ်တရွက် အလုပ်လုပ်နေသော အိမ်ရှင်မ၊ ပညာတတ်ထားပြီး ကိုယ်ပိုင် စီးပွားရေးကို ဦးဆောင်နေသော အိမ်ရှင်မ၊ ပညာတွေတတ်ထားပြီး သားကိုသခင်၊လင်ကိုဘုရားထုံးနှလုံးမူပြီးလက်ထပ်ပြီးကတည်းက ယောက်ျားအလိုကျအလုပ်မလုပ်ပဲ ယောက်ျားနားမှာအမေလို၊ညီမလို၊ချစ်သူလို မေတ္တာမျိုးနဲ့ လုပ်ကျွေးပြုစုပြီးနေရတာကို နှစ်ခြိုက်တဲ့ မိန်းမ၊ အလုပ်လုပ်ချင်ပေမယ့် လည်း " မလုပ်ပါနဲ့ကွာ" " ကလေးတွေ ကြည့်ဖို့က မိခင်ကသာ ပိုတင့်တယ်" " အလုပ်လုပ်စရာမလိုဘူး ကိုယ်ရှိတာပဲ" စသဖြင့် အကြောင်းတွေကြောင့် အလုပ်မလုပ်ဖြစ်တဲ့အိမ်ရှင်မ။
တကယ့်ကို ဘာမှ မလုပ်တတ်ပဲ ယောက်ျားကိုသာ အားကိုးတတ်တဲ့ အိမ်ရှင်မ
ဆိုပြီးအမျိုးမျိုးရှိမှာပါ။ အများကြီးလည်းကျန်နိုင်ပါသေးတယ်။

ကိုယ်ဟာ ဘုရင်မလို ထူးချွန်ထက်မြက်တဲ့ အိမ်ထောင်ရှင်မပဲဖြစ်ဖြစ်၊ မိဖုရားလို အားနွဲ့ပြီး အိမ်ထောင်ဦးစီးဦးဆောင်တဲ့နောက်လိုက်မယ့် အိမ်ထောင်ရှင်မပဲဖြစ်ဖြစ် မိမိရဲ့ အိမ်ထောင် ရှင်သန်အသက်ဝင်ပြီး တည်မြဲဖို့ရာ အိမ်ရှင်မဖြစ်တဲ့ မိမိမှာ ရာခိုင်နှုန်းတော်တော်များများ တာဝန်ရှိပါတယ်။" သားသမီးကြောင့် သည်းခံနေရတာ ထွက်ပေါက်မရှိဘူး" လို့ လမ်းဆုံးတွေးမယ့်အစား၊ စိတ်ညစ်စိတ်ဆင်းရဲစွာ အတူတူနေရမယ့် အတူတူ ပျော်ရွှင်စွာ အတူနေရတာက ပိုပြီးကောင်းမှာပါ။ အိမ်ရှင်မဆိုတာ အိမ်တစ်အိမ်ကို ရှင်သန်အောင် မ, ပေးရတဲ့ သူတွေပါ။ အိမ်တစ်အိမ်မှာ တကယ်တော့ မရှိမဖြစ် လိုအပ်တဲ့ သူတွေပါ။ ကိုယ်ဟာ အလုပ်လုပ်နေတဲ့ အိမ်ရှင်မဖြစ်စေ၊ မလုပ်တဲ့ အိမ်ရှင်မဖြစ်စေ လောလောဆယ် အသက်ရှု မရလောက်အောင်မွန်းကြပ်နေရတဲ့ ထွက်ပေါက်မရှိဘူးလို့ ထင်နေရလောက်အောင် ပြဿနာအမျိုးမျိုး ဖြစ်နေတယ်ဆိုတဲ့ အခြေအနေမျိုးတွေ မဖြစ်ရအောင် အိမ်ထောင်ရှင်မိန်းမများဟာ လိမ္မာပါးနပ်ကြရမှာပါ။ အိမ်ရှင်မ တော်ရင် လိမ္မာပါးနပ်ရင် အိမ်တစ်အိမ်ဟာ သိပ်ကို သိသာပါတယ်။

အိမ်ထောင်ရေး အဆင်မပြေတာဟာ အိမ်ထောင်သည် တစ်ယောက်ယောက် က ဖောက်ပြန်မှ အဆင်မပြေတာ မဟုတ်ပါဘူး။ ဘယ်သူနဲ့မှ မဖောက်ပြန် လည်း အဆင်မပြေ ဖြစ်နေကြတာတွေရှိတာပါပဲ။ သဘောထားမတိုက်ဆိုင်တော့တာ၊တစ်ယောက်ကိုတစ်ယောက်ရန်လို         အေးစက်သွားကြတာတွေလည်း ရှိပါတယ်။ ကိုယ့်လက်တွဲဖော်နဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဘဝနဲ့ကိုက်ညီပြီးBalance ဖြစ်တဲ့ဘဝကိုဖန်တီးနိုင်မှ တော်ကာကျမှာပါ။

အိမ်ရှင်မ များ အနေနဲ့ အိမ်ထောင်ရေး သာယာအောင် ၊ မိမိကိုယ်တိုင်ရဲ့ စိတ်ကိုပျော်ရွှင်အောင်ထားရင်း ကိုယ့်ပတ်ဝန်းကျင်ကို အလှဆင်လို့ရပါတယ်။ အိမ်ရှင်မဟာ အိမ်ထောင်သက်တမ်း၊ ကိုယ့်ရဲ့ သက်တမ်း ကြီးလာတာနဲ့အမျှ ကိုယ့် မိသားစုကို ကောင်းကောင်း မွန်မွန်တည်ဆောက်ထားနိုင်တဲ့ လိမ္မာပါးနပ်ပြီး ကျက်သရေနဲ့ လှပနေအောင် နေနိုင်ရင် အကောင်းဆုံးပါပဲ။
Credit :

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...