Saturday, June 3, 2017

၁။ ရေမွှေးနံ့ကို ကြာရှည် ခံစေချင်ရင်ေ

၁။ ရေမွှေးနံ့ကို ကြာရှည် ခံစေချင်ရင်တော့ ရေမွှေး ပုလင်းတွေကို ရေချိုးခန်းနဲ့ တခြား ပူအိုက် စိုစွတ်သော နေရာများတွင် မထားပါနှင့်။ အပူ၊ အလင်းရောင်နဲ့ စိုစွတ်မှုတို့က ရေမွှေးရဲ့ အရည်အသွေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် ရေမွှေး ပုလင်းတွေကို အေးမြ ခြောက်သွေ့သော နေရာတွင် ထားပါ။ ပြတင်းပေါက်နှင့် ဝေးရာတွင် ထားပါ။
၂။ ရေမွှေးနံ့ တာရှည်ခံစေရန် ရေမွှေးဆွတ်မည့် လက်ကောက်ဝတ် နေရာများကို Vaseline အလှဆီ အရင်လိမ်းပေးပါ။ ခြောက်သွေ့သော အရေပြားပေါ်တွင် ရေမွှေးဆွတ်ခြင်းထက် ထိုအဆီ လိမ်းထားသော အသားအရေပေါ်တွင် ရေမွှေးဆွတ်ခြင်းက ရနံ့ကြာရှည် ခံစေပါတယ်။
၃။ ရေမွှေး မဆွတ်ခင် အနံ့မရှိသော လိုးရှင်းလိမ်းပါ။ အဆီထွက်တဲ့ အသားအရေက ရေမွှေးနံ့ကြာရှည် ခံစေပါတယ်။ ဒါကြောင့် သင့်အသား အရေက ခြောက်သွေ့တဲ့ အသားအရေ ဖြစ်လျှင် အနံ့မရှိသော အစိုဓာတ်ထိန်းခရင်မ်၊ လိုးရှင်း တစ်ခုခု အရင်လိမ်းပါ။
၎။ ရေချိုးပြီးပြီးချင်း အင်္ကျီမ၀တ်ခင် ရေမွှေးဆွတ်ပါ။ ခန္ဓာကိုယ် အစိုဓာတ် ရှိနေတုန်း ရေမွှေးဆွတ်ပါ။ ဒီနည်းက အ၀တ်အထည်များနဲ့ လက်ဝတ် ရတနာများ စွန်းထင်းခြင်းကနေ ကာကွယ် ပေးပါတယ်။
၅။ ရေမွှေး ဆွတ်ထားတဲ့ လက်ကောက်ဝတ် နေရာများကို လက်နဲ့ မပွတ်မိပါစေနဲ့။ ဆွတ်ထားတဲ့ ရေမွှေးတွေကို ဖျက်ပစ်သလို ဖြစ်တာကြောင့် ရေမွှေးနံ့လည်း ကြာကြာ မခံပါဘူး။
၆။ သင့်ရဲ့အ၀တ်ဗီရိုထဲမှာ သင်နှစ်သက်တဲ့ ရေမွှေး ဆွတ်ထားတဲ့ တစ်ရှူး စက္ကူတွေ ထည့်ထားပါ။ သင့်အ၀တ်အထည်တွေက ရေမွှေးနံ့ သင်းနေပါလိမ့်မယ်။
၇။ ရေမွှေးဆွတ်သင့်တဲ့ နေရာ အစိတ်အပိုင်းတွေကို သိထားပါ။ လက်ကောက်ဝတ်၊ တံတောင်ဆစ် အတွင်းဘက်၊ လည်ပင်း၊ ၀မ်းဗိုက်၊ တံကောက်ကွေးနဲ့ ခြေသလုံး နေရာတွေက ရေမွှေး ဆွတ်ရမယ့် နေရာတွေပါ။
၈။ အယ်လ်ကိုဟော ပါဝင်တဲ့ အမွှေးဖျန်းဆေးကို ဆံပင်ကို တိုက်ရိုက်ဖြန်းတဲ့အခါ ဆံပင်သား ခြောက်သွေ့ စေတတ်ပါတယ်။ ဒါကြောင့် ဆံပင်ပေါ် တိုက်ရိုက် မဖျန်းပဲ ဘီးကိုဖျန်းပြီး ခေါင်းဖြီးတာက ဆံသား မပျက်စီးစေပါဘူး။
၉။ ရေမွှေးနံ့ ခပ်သင်းသင်းလေး ရစေချင်ရင်တော့ ရေမွှေးကို လေထဲကို ဖျန်းလိုက်ပြီး ရေမှုန်လေးတွေ ကြားထဲကို လျှောက်သွားလိုက်ပါ။ ရေမွှေးနံ့ ပြင်းတာကို မကြိုက်ရင်တော့ ဒီနည်းကို သုံးသင့်ပါတယ်။
၁၀။ ရေမွှေးအနံ့ အနည်းငယ်သာ ကျန်တော့လျှင် အလဟသမဖြစေရန် အနံ့မရှိသော လိုးရှင်းထဲသို့ ထည့်လိုက်ပါ။
၁၁။ အမွှေးရနံ့ ရှိသော ဆပ်ပြာခဲကို တစ်ရှူးစက္ကူ ခပ်ပါးပါးဖြင့် ပတ်ပြီး အ၀တ်ဗီရိုထဲ ထည့်ထားပါက အ၀တ်အထည်များ မွှေးပျံ့နေပါလိမ့်မယ်။
၁၂။ ရေမွှေးအနံ့ကို စမ်းသပ်တဲ့အခါ အရေပြားပေါ်မှာ ရေမွှေးခြောက် သွားတဲ့ အချိန်ထိစောင့်ပါ။ ဆွတ်ပြီးပြီးချင်း ရေမွှေးရနံ့က ပြင်းတဲ့အတွက် ရေမွှေး အနံ့အမှန်ကို မသိနိုင်ပါဘူး။
၁၃။ ညအိပ်ရာ မ၀င်မီ ခေါင်းအုံးကို သင်းပျံ့တဲ့ ရေမွှေး ဖျန်းထားခြင်းက သင့်ကို ပိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...