Tuesday, June 6, 2017

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ (၁)

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ (၁)
။။။။။။။။။။။။။။
လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ အိမ်ထောင်ရေးဟာ လွယ်ကူတဲ့ အရာမဟုတ်ဘူးဆိုတာကို အိမ်ထောင်ရှင်တိုင်းသိကြပါတယ်။
 " အတူတူနေရအောင်" လို့ စိတ်တူကိုယ်တူ ဆုံးဖြတ်ပြီးလို့ လက်ထပ်တဲ့နေ့ မှ စတင်ပြီး ဘဝလမ်းခရီးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လျှောက်လှမ်း ကြရတာမဟုတ်လား။ တစ်ယောက်ကို တစ်ယောက် စုံလုံးကန်း ချစ်လွန်းလို့လက်ထပ်ထားသည်ဖြစ်စေ၊သင့်တော်ကောင်းမွန်လို့ ရွေးချယ်ပြီး လက်ထပ်ထားသည်ဖြစ်စေ၊ မိဘက စေ့စပ်ပြီး လက်ထပ်ထားပေး သည်ဖြစ်စေ ကိုယ်လက်ခံတည်ထောင် လိုက်တဲ့ အိမ်ထောင်ရေးဟာ ကိုယ်တွေနှစ်ယောက်ရဲ့ဘဝ ဖြစ်သွားပါတယ်။တချို့ကမယူခင် နှစ်ဦးနှစ်ဖက် ရှေ့ဆက်ရမယ့် ဘဝပန်းတိုင်၊ လူမှုရေး၊ စီးပွားရေး စတာတွေကို သေချာ တိုင်ပင်ဆွေးနွေးပြီးမှ လက်ထပ်ကြတာ ရှိသလို အချစ်တစ်ခုတည်းကို ဦးစားပေးလို့ ချစ်တာတစ်ခုတည်းနဲ့ ယူကြတဲ့ သူတွေလည်းရှိမှာပါပဲ။

အိမ်ထောင်ပြုတယ်ဆိုကတည်းက နှစ်ယောက်တစ်ဘဝ တည်ထောင် တာဖြစ်လို့ ဒီအိမ်ထောင်ကို တည်မြဲအောင် စွမ်းဆောင်ဖို့ရာ နှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ တစ်ဦးတည်းက တစ်ဖက်သက် လိုက်လျောနေရတယ်၊ သည်းခံနေရတယ်၊အလျော့ပေးနေရတယ်၊ ပြုစုလုပ်ကိုင်ပေးနေရတယ် ဆိုရင်တော့ ဘယ်လောက်ချစ်ပါတယ်ပြောခဲ့ပြောခဲ့ နှစ်တွေကြာလာရင် သည်းခံလိုက်လျောမှုတွေက အလိုမကျ မကျေနပ်မှုတွေ၊ရင်ထဲ အစိုင်အခဲတွေ အဖြစ်ပြောင်းလဲသွားပြီး အခက်အခဲဖြစ်နိုင်ပါတယ်။

သမီးရည်းစားဘဝမှာသူ့အလိုကိုယ်လိုက်၊ကိုယ့်အလိုသူလိုက်မို့ ပျော်ရွှင်ကြည်နူးစရာ အပြည့်နဲ့ပေါ့။ အိမ်ထောင်ကျလို့ ပထမ တစ်နှစ် နှစ်နှစ်လည်း အများအားဖြင့် ချောမွေ့နေကြသေးတာပါပဲ။ဆယ်စုနှစ်တစ်ခုကစလို့           ရှေ့ဆက်လာမယ့် ဆယ်စုနှစ်တွေများစွာကို ရေတွက်နိုင်ဖို့ ဆိုတာ တကယ်တော့ ကြိုးစားအားထုတ်မှုတွေ ရင်းနှီးပေးဆပ်မှုတွေ လိုအပ်ပါတယ်။ သာယာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့ရာထိုင်စောင့်ပြီး            မျှော်လင့်နေလို့တော့ မရနိုင်ပါဘူး။ အိမ်ထောင်ဘက် နှစ်ဦး အတူတူ နားလည်မှုအပြည့်နဲ့ တည်ဆောက်ကြရမှာပါ။အတူတူ ဖန်တီးကြရ မှာပါ။ထိုင်စောင့်နေပြီး၊ဆုတောင်းနေပြီးတော့သာယာတဲ့ဘဝ ဖြစ်မလာနိုင်ပါဘူး။ ကံစမ်းမဲလိုလည်း ပေါက်တဲ့အတိုင်း ကျေနပ်နှစ်သိမ့်ကြိတ်မှိတ်ခံစရာလည်း မလိုပါဘူး။အကြောင်းအရာတော်တော်များများဟာ နှစ်ယောက်စလုံးရဲ့ အပြုအမူအနေအထိုင်နဲ့ ဖန်တီးပြောင်းလဲလို့ရနိုင်ပါတယ်။အပြန်အလှန် မျှတတဲ့ သဘောတွေရှိသင့်ပါတယ်။

အိမ်ထောင်ဦးအစမှာ နှစ်ဦးသဘောတူအလိုတူခဲ့တာတွေဟာ နှစ်ကြာလာတာနဲ့ အမျှ အရင်လို သည်းခံခွင့်လွှတ်နိုင်မှုတွေ လျော့နည်းလာတတ်တာဟာ သဘာဝပါပဲ။ ချစ်လို့၊မပြောရက်လို့၊ အပြစ်မမြင်လို့ အလျှော့ပေးအလိုလိုက် ခွင့်လွှတ်မှုတွေဟာ ငြင်းခုန်ရန်ဖြစ်ပေါက်ကွဲ မှုတွေအဖြစ်ပြောင်းသွားနိုင် ပါတယ်။ အိမ်ထောင်သက် ၁၀နှစ် ....၁၅ နှစ်....၂၀နှစ်ရောက်ရင် အိမ်ထောင်အများစုဟာ ရင်းနှီးနွေးထွေးမှုတွေ နည်းလာတတ်ပြီ။အရင်လို စိတ်တူကိုယ်တူ လုပ်တာတွေ ၊ တိုင်ပင်ဆွေးနွေးတာတွေ နည်းလာပြီ။။ ဆယ်နှစ်ဆိုတာ အိမ်ထောင်သက်တမ်းတစ်ခုရဲ့ အန္တရာယ်အရှိဆုံး သက်တမ်းနှစ်ပါတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကောင်းတွေရော ၊ အဆိုးတွေရော၊ သည်းခံလိုက်လျောမှုတွေဟာ ဒီ ဆယ်နှစ်မှာ အားလုံး ဖြစ်ပျက်ဖူးနေပြီဖြစ်လို့ သည်းခံစရာဆိုလည်း သည်းမခံနိုင်တော့ဘူး။အမျိုးသမီးဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်ပြီး ဖောက်ပြန်ချင်တဲ့အမျိုးသားဆိုရင်လည်းသူဟာ ဖောက်ပြန်ချင်လာတတ်ပါတယ်။" အိမ်က မိန်းမက..." " အိမ်က အဖွားကြီး" စတဲ့ နာမ်စားတွေ ဖြစ်လာပြီ။ " ဒါမိန်းမကို ပြောလို့မရဘူး" " နားပူလို့...." ဆိုတာတွေလည်း ဖြစ်လာပါပြီ။

သားသမီးတွေ ထွန်းကားလာတဲ့ အခါမှာတော့ အိမ်ရှင်မတွေဟာ မယားတစ်ယောက်ရဲ့ ဝတ္တရားအပြင် သားသမီးကို စောင့်ရှောက်ရတဲ့ အမေတစ်ယောက်ရဲ့ ဝတ္တရားပါ တိုးလာပါတော့တယ်။ အိမ်ရှင်မ မိခင်တစ်ယောက်ရဲ့တာဝန်ဟာ အလွန်ပဲ များပြားပြီး ကြီးလေးလှပါတယ် အိမ်ရှင်မဟာ ဘဝကသင်ပေးတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ၊ သည်းခံခွင့်လွှတ်ပေးဆပ်ရတာတွေ၊ ကလေးတွေကို ကြီးပြင်းအောင် ပျိုးထောင်ရတာတွေစတဲ့ ဘဝအမောတွေကြောင့် ကိုယ့်အိမ်ထောင်ဘက်က " သိပ်ချစ်ပါတယ်" လို့ တချိန်က တခုတ်တရကြိုးစားပိုးပမ်းခဲ့တဲ့ မိမိကိုယ်ကိုယ်တောင် မမှတ်မိနိုင်အောင်ပဲ မောပန်းနွမ်းနယ်နေပါပြီ။
Credit :

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...