Saturday, June 10, 2017

#သေတ္တာနက် Black Box ဆိုတာ..









#သေတ္တာနက် Black Box ဆိုတာ..

သေတ္တာနက် Black box  ဟာ လေယာဉ်တိုင်းမှာ ထည့်သွင်းတပ် ဆင်ထားရတဲ့ အရေးပါတဲ့ ကိရိယာ တစ်ခုလို့ ပြောရမှာပါ။ အင်မတန် ကောင်းမွန်တဲ့ သတ္ထုနဲ့ ပြုလုပ်ထား ပြီး လေယာဉ်ရဲ့ အမြီးပိုင်း (ပဲ့ပိုင်းမှာ) ထားရပါတယ်။
အဲဒီမှာ အဓိက အစိတ်အပိုင်း(၂)ခု ပါဝင်ပါတယ်။

(1) Flight Data RecorderFDAနဲ့
(2) Cockpit Voice Recorder CVR   ဆိုပြီးစနစ်(2) ခုရှိပါတယ်။

(1) Flight Data Recorder FDA
သူ့ရဲ့လုပ်ဆောင်ချက်က 
(က) ပင်လယ်ရေမျက်နှာပြင်အမြင့်
(ခ) လေယာဉ်အမြီးပိုင်းနဲ့ ပဲ့တောင် ပံအခြေအနေ
(ဂ) လေယာဉ်ဘီးရဲ့အခြေအနေ
(ဃ) လေဖိအား
(င) လေတိုက်နှုန်း
(စ) လေယာဉ်အင်ဂျင်အခြေအနေ
(ဆ)မောင်းနှင်နေတဲ့အရှိန်......စတာတွေကို တောက်လျှောက် မှတ်တမ်းတင်ပါတယ်။ ဒါကိုပျံသန်းမှုမှတ်တမ်းလို့ပြောရမှာပါ။

(2) Cockpit Voice Recorder VCR သူ့ရဲ့လုပ်ဆောင်ချက်က
လေယာဉ်မှူးအခန်းထဲက ဆက်သွယ်ပြောကြားချက်တွေ၊အသံဖိုင်တွေကို ပျံသန်းစဉ် တောက်လျှောက် မှတ်တမ်းယူ စုဆောင်းတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။
ဒါက Black box ရဲ့လုပ်ဆောင်ချက်ပါ။

တစ်စုံတစ်ရာကြောင့်လေယာဉ်ပျက်ကျတာ၊ပျက်ဆီးတာတွေ၊ရေထဲနစ် တာတွေ  ဖြစ်တာတောင် black box  ကို မထိခိုက်နိုင်ဘူးလို့ ဆိုပါတယ်။

(၁)ရေအောက်ဆိုရင် ပေပေါင်း ၂၀၀၀၀ အထိခံနိုင်ပါတယ်။
(၂) ရေဒီယိုအသံလှိုင်းတွေကို စက္ကန့်တိုင်3း7.5khzနဲ့ ထုတ်လွှတ် ပေးပါတယ်။
(၃) အဲဒီအသံလှိုင်းတွေကို ၂-၃ ကီလိုမီတာကနေ ကြားနိုင်ပါတယ်။
(၄) ရေအောက်မှာ ဘက္ထရီက အနည်းဆုံး ရက်ပေါင်း(30)ထိ ခံနိုင်ပါတယ်လို့ဆိုပါတယ်။ နမူနာအားဖြင့် ၇.၄.၂၀၁၄ မှာ Air France flight 747 ဟာ အတ္တလန်တစ်(Atlantic Ocean) သမုဒ္ဒရာထဲ ကျသွားတာ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ (၂) နှစ်အကြာမှာ black box ကို ပြန်တွေ့ခဲ့ပြီး လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပြုလုပ်တပ် ဆင်ရတဲ့ အဓိက အကြောင်းရင်းက ရှာဖွေကယ်ဆယ်ရေး သမားတွေ အလွယ်တစ်ကူ ရှာဖွေတွေ့ ရှိနိုင်ဖို့ပါ။


No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...