Sunday, June 11, 2017

ဆီးချိုသွေးချိုရောဂါအတွက် သဘာဝအိမ်တွင်းကုထုံးများ

ဆီးချိုသွေးချိုရောဂါအတွက် သဘာဝအိမ်တွင်းကုထုံးများ
------

ဆီးချိုရောဂါသည် ဇီဝရုပ် ဖြစ်ပျက်မှုမမှန်၍ ဖြစ်သော ရောဂါ အစုအဝေး( metabolic syndrome)အုပ်စုထဲတွင် ပါဝင်ပြီး ယင်းက ခန္ဓာ ကိုယ်မှ အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်သော အခြေအနေ သို့မဟုတ် ခန္ဓာကိုယ်မှ အင်ဆူလင် အား အာရုံခံစားမှုနှုန်းကို ကျစေပြီး နောက်ဆက်တွဲ ရောဂါများစွာကို ဖြစ်ပေါ်စေလေသည်။ ဆီးချို ရောဂါ မှာ ယခုအခါ ကမ္ဘာတစ်လွှားတွင် တဖြည်းဖြည်းများပြားလာပြီး ကုထုံး များမှာလည်း တဖြည်းဖြည်း များပြား လာခဲ့သည်။ ယင်းကဲ့သို့ များပြားလှ သော ဆီးချိုကုထုံးများထဲတွင် အိမ် တွင်းကုထုံးများလည်း ပါဝင်လေ သည်။

၁.ပင်စိမ်းရွက်

ပင်စိမ်းရွက်ထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ သာမက eugenol, methyl eugenol နဲ့ caryophyllene စတဲ့ ပန်ကရိယက အင်ဆူလင်ထွက်ရာမှာ ကူညီပေး သောပစ္စည်းများ ထွက်စေသည့် အဆီများလည်း များစွာပါဝင်လေ သည်။ အသုံးပြုပုံမှာ ပင်စိမ်းရွက် ၂ရွက် ၃ရွက်သို့မဟုတ် ပင်စိမ်း ရွက်အရည်လက်ဖက်ရည်တစ်ဇွန်း အား အစားမစားမီ သောက်ပေးပါ က သွေးတွင်းသကြားဓာတ်ထိန်းရာ မှာ အကူအညီဖြစ်စေပါတယ်။

၂.ပိုက်ဆံလျော်စေ့

ပိုက်ဆံလျော်စေ့တွင် အမျှင် ဓာတ် များစွာပါဝင်ပြီး အစာချေရာမှာ ကူညီပေးကာ အဆီနဲ့သကြားဓာတ် စုပ်ယူမူကိုလည်း မျှတစေပါတယ်။ ယင်းအစေ့အား စားသုံးခြင်းအားဖြင့် အစာစားပြီးနောက် သွေးတွင်း သကြားဓာတ်မြင့် တက်မှုအား ၂၈% ခန့်သက်သာစေသည်။

၃.သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က အင်ဆူ လင်အာရုံခံစားမှု နှုန်းမြင့်တက်စေပြီး သွေးတွင်းသကြားဓာတ်ကို လျော့ကျ စေပါတယ်။ တစ်ရက်လျှင် သစ်ကြံ ပိုးခေါက်၊ လက်ဖက်ရည်ဇွန်း တစ်ဝက် စားပေးခြင်းက အင်ဆူလင် အာရုံခံ စားမှု တိုးလာရုံသာမက ခန္ဓာကိုယ် အလေးချိန် ထိန်းရာမှာလည်း အကူ အညီပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေများကိုလည်း လျော့နည်းစေ သည်။

၎.လက်ဖက်စိမ်းရွက်

လက်ဖက်စိမ်းရွက်ဟာ အခြား အရွက်တွေနဲ့မတူဘဲ Polyphenol ပမာဏများစွာပါဝင်ပါတယ်။ Polyphenol ဟာ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းသာမက သွေးတွင်းသကြားဓာတ်ကို လျော့ကျ စေရာမှာလည်း ကူညီပေးနိုင်သည်။

၅. ဒန့်သလွန်ရွက်

ဒန့်သလွန် ရွက်ဟာ လူရဲ့ခုခံအားစနစ်ကို မြှင့် တင်ပေးတဲ့အကောင်းဆုံးအစားအ စာတစ်ခုဖြစ်ပါတယ်။ ဆီးချိုဝေဒနာ ရှင်တွေမှာတော့ ဒန့်သလွန်ရွက်က အစာချေဖျက်မှုကို နှေးစေပြီး သွေး ပေါင်ချိန်ကိုလည်းကျစေကာ အစာ စားလိုမှုကိုလည်း လျော့နည်း စေပါသည်။

၆.ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးထဲတွင် သွေး တွင်းသကြားဓာတ် လျော့ချရာမှာ ပါဝင်တှဲု့ညျကူငည စသူပစနစအငိန -ဏ များစွာပါဝင်သည်။ ကြက်ဟင်း ခါးသီးကို တစ်ပတ်တစ်ခါ အနည်း ဆုံးစားပေးခြင်းဖြင့် ဆီးချို သက်သာ စေပါတယ်။ ရလဒ်ကိုပိုပြီး မြန်မြန် လိုချင်တယ်ဆိုလျှင် ကြက်ဟင်း ခါးသီးအရည် ၁ဖန်ခွက်အား သုံးရက် တစ်ကြိမ် သောက်ပေးနိုင်ပါတယ်

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...