Sunday, June 4, 2017

ဒိုင်​ယာနာ




















တခါတလေ တွေးမိတယ် ..  ဒိုင်ယာနာ ဒီလောက် လှပါရဲ့နဲ့ ချားလ်စ် က အိုကြီးအိုမ ကမီလာကို ဘာလို့ သဘောကျစွဲလန်းနေလဲ လို့ ..

တကယ်တော့ ဒိုင်ယာနာလက်ထပ်တဲ့ အချိန်ဟာ အသက် ၂၀ ပတ်ဝန်းကျင်ဘဲရှိသေးတယ် ။ အင်မတန် နုနယ် ပျိုမြစ်နေတဲ့ အချိန် ..ပြီးတော့ အရမ်းလဲ အလှသွေးကြွယ်တဲ့ အချိန်..


သူလက်ထပ်တော့ လူ ၆ သိန်းကျော်ဟာ လမ်းမှာ ကြိတ်ကြိတ်တိုး စောင့်ကြည့်ခဲ့တာ .. လူသန်း ပေါင်းများစွာ ..တီဗီက စောင့်ကြည့် ခဲ့ကြတယ်


ပေါင် ၉ သောင်းရှိတဲ့ သတို့သမီးအကျီဟာ ထူးထူးခြားခြား 7.68 မီတာ အရှည် ရှိပါတယ်။


ပုံပြင်ထဲက စင်ဒရဲလား အသက်ဝင်လာသလို တကယ့် လက်တွေ့ဘဝမှာ မိန်းမပျိုတိုင်း အား ကျငေးမောရတဲ့ အိမ်ရှေ့ မိဖုရား ဖြစ်ခဲ့တယ် ။

third highest female in UK ပါ ။

ချားလ်စ်က သဘောကျပါပြီလို့ နာမည်ထွက်ကတည်းက ဒိုင်ယာနာ နာမည်ကြီးခဲ့တာ ..ပြီးတော့ အရမ်းလဲ လှတယ် .. ဖက်ရှင်ကျပြီး စွဲဆောင်နိုင်လွန်းတဲ့ သူမကို ဓါတ်ပုံဆရာတွေ မျက်စိကျတယ် .. သူ့ ပုံပါလာ

တိုင်းလဲ သဲသဲလှုပ်ကြလို့ မင်းသားနဲ့ မရခင်ထဲက ဒိုင်ယာနာက နာမည်ကြီးနှင့် နေခဲ့တယ်။

ပြည်သူတွေရဲ့ ချစ်မြတ်နိုးခြင်းကို ရခဲ့ပေမဲ့ ချားလ်စ် ရဲ့ နှလုးံသားအေးစက်နေတာ သူ သိခဲ့တယ် ။


စရိုက်ခြင်းမှ မတူဘဲကိုး .. ပါတီပေးပြီး ဖက်ရှင်ကျတာကြိုက်တဲ့ မင်းသမီးက ငါးမျှားပြီး တောလည်ထွက် တဲ့ မင်းသားကို စိတ်မဝင်စားနိုင်ဘူး .. ချားလ်စ် ကို မချစ်ဖူးလို့သူငယ်ချင်းတယောက်ကို ရင်ဖွင့်ခဲ့တာဘဲ .. ပြီးတော့ အသက် လဲ ၁၃ နှစ်ကွာတယ်။


ချားလ်စ်ကို ကျွန်မလဲ မကြိုက်ဖူး .. မင်းသား မဟုတ်ခဲ့ရင် ဒိုင်ယာနာ ခေါင်းငြိမ့်မယ် မထင်ဘူး အသက်မ ရှိ တဲ့ မျက်နှာလို အေးစက်စက်နဲ့ ချားလ်စ်ပုံက သစ်တုးံ တတုးံ လို ငြိမ်သက်တယ်။ ရှေးရိုးအစဉ်လာကနေ ဖောက်ထွက်တဲ့ လူမျိုး မဟုတ်လို့ ဒိုင်ယာနာလို အစဉ်အလာတွေကို

တော်လှန်တတ်သူတယောက်ကို မျက်စိစပါးမွှေး စူးနေမှာ သေချာတယ်။

ပြီးတော့ ဒိုင်ယာနာက နန်းတော်ပြင်ပမှာ သာမာန် ဘဝနဲ့ ကျင်လည်ခဲ့တဲ့သူ .. ၇ နှစ်သမီးထဲက မိတကွဲ ဖတကွဲ နေခဲ့တဲ့သူ .. စာမှာ မတော် ပေမဲ့ ဂီတ အနု ပညာ ဝါသနာပါခဲ့သူ .. ပါတီ ပေးပြီး လွတ်လပ်သူ ..


မတူညီတဲ့ ဘဝမှာ ပိုဆိုးတာက စရိုက်တွေပါ မတူတာ .. ဒါ့ထက် အဆိုးဆုးံက ၂ ယောက်လုးံ တွက်ကိန်းနဲ့ ယူခဲ့ တာပါ ..


မေတ္တာမပါတဲ့ အိမ်ထောင်ရေးမှာ understanding ဆိုတာ ရှားပါးပစ္စည်းပါ .. နားလည်မှု့ မရှိတာ ဟာ ပင်လယ်ထဲမှာ ကပ်စရာ ကမ်းမမြင်တဲ့ နှလုးံသား အတွက် လှိုင်းပုတ်တိုင်းမျောနေသလို ဆောက်တည်ရာ မရပါဘူး .. ။


နားလည်မှုဟာ ဖေးမ ခြင်းနဲ့ ယှဉ်ပါတယ်။ တဖက်သား စိတ်ကို ငြိမ်သက်ခြင်းပေးတယ် ။

ငါ့ကိုနားမလည်ဘူး ထင်ရင် နားလည်တဲ့ ဘက်ကို ခြေဦးလှည့်သွားတာ သဘာဝပါ ။ ဒါ့ကြောင့် ဝါသနာတူ စရိုက်တူတဲ့ ငယ်ချစ်ဦး ကမီလာဘက်ကို ချားလ်စ် က ပြောင်ပြောင်တင်းတင်း ခြေဦးလှည့် ကြာခိုတဲ့အခါ
ငယ်ဂုဏ်လဲရှိ အလှဂုဏ်လဲ ကိုးတဲ့ ဒိုင်ယာနာအတွက် အင်မတန် အထိနာစေတဲ့ အချက်တွေပါ ..

အပျိုလေးတယောက်ကို ရထားပြီး အလှချင်းလဲ မယှဉ်နိုင် .. နုနယ်ခြင်းလဲ မရှိတဲ့ ယောက်ကျား ရှိတဲ့ မိန်းမတယောက် ကို ဒိုင်ယာနာ မယှဉ်နိုင်တာ ၂

ချက်ထဲ ရှိပါတယ် .. တစ် အချက်က သူ့ ရင်ထဲမှာ ချားလ်စ်ကို တကယ် မချစ်ခဲ့ဘူး ..

အချစ်စိတ်ဟာ မသိစိတ်ထဲက စွမ်းအားတွေကို ထုတ်သုးံပါတယ် .. သိပ်ချစ်လာရင် တလောကလုးံနဲ့ တယောက် ရင်ဆိုင်ပါတယ်။


မနောကံနဲ့ ပစ်မှားရင်တောင် သဝန်တိုတဲ့ မိန်းမ သဘာဝမှာ ဖောက်ပြန်နေတဲ့ ယောက်ကျားကို သဝန်တော့ တိုမှာပါဘဲ .. ဒါဆိုဘာလို့ ကိုယ်လို ချင်တာ ရအောင်မယူသလဲ ရှင်းပါတယ် .. အချစ်ဆိုတဲ့ တွန်းအားမရှိလို့ပါ ။


နောက်တခုက ဂရုမစိုက်တာ ပြောရမလား.. လုပ်ချင်ရာ လုပ်တဲ့ အကျင့်ပါ ။ပြီးတော့ ရွဲ့တာပါ ။


ပြည်သူတွေကြားမှာ စန်းပွင့်လွန်းလို့ အလှမပျက် အောင် ထိမ်းတာ တခါတလေ သိပ်ပိန်ပြီး ကျန်းမာ ရေးထိခိုက်တဲ့အထိ ဒိုင်ယာနာဟာ အလှအပကို စန်းစန်းတင့်ပါ .., စားပြီးရင် အန်ထုတ်ရတဲ့ သူမကို

ယောက်ကျားက စိတ်ထဲကကြိတ်ပြီး အမြင်ကတ်နေ မှာ သေချာတယ် ။

ဘာ့ကြောင့်လဲဆို ဒိုင်ယာနာက ဝတ်စားပြင်ဆင်ပြီး လို့ ယောက်ကျားရဲ့ မှတ်ချက်ကိုတောင်းတဲ့အခါ ချီးကျူး ငေးမောနေတဲ့ မျကိလုးံတွေ မရှိတဲ့ မင်းသားက အငေါ်တူး သလို ပြန်ပြောတာကြောင့် အနားရှိတဲ့သူ

တွေ အားနာ စွာ မသိချင်ယောင်ဆောင်ကြရတယ်လို့ ဖတ်ဖူးတယ် ။

မမျှတ တဲ့ ကျားသဘာဝမှာ သူတို့ကို ရွဲ့တာ အဆိုးဆုးံပါသူတို့ အမုန်းဆုးံဘဲ .. အထင်လဲသေးတယ်။


သူတို့ မဟုတ်တာ သူတို့ သိပေမဲ့ မိန်းမကအရွဲ့ တိုက်လာရင် တသက်လုးံ နာကြည်းတတ်တာယောင်္ကျားသဘာဝ ပါ ။


ဒါ့ကြောင့် တခြားတယောက်နဲ့ ကိုယ့်မိန်းမ ဖောက်ပြန်နေတာကို လက်ပိုက်ကြည့်နေနိုင်တဲ့အထိ အသည်းကောင်းတဲ့ ချားလ်စ်ဟာ ဒိုင်ယာနာ့

အလှကို ဖွဲစကွဲလို ပစ်ပယ်ခဲ့တာပါ ။

ပြီးတော့ ဒိုင်ယာနာဟာ နန်းတွင်းအစဉ်အလာ တွေလဲ ဂရုစိုက်သူ မဟုတ်ဘူး…ဒါလဲ ချားလ်စ်လို ဘုရင်ဖြစ်မယ့်သူအတွက် မလျော်ကန်တဲ့ စရိုက်လက္ခဏာ တွေပါ


သာမာန်လူတွေ အဖို့ ဘုရင့်သားနဲ့ယူတဲ့ မိန်းကလေး ဆိုတာ အင်မတန် အားကျစရာပါ။ အိမ်ရှေ့မင်းသား ရဲ့ ကြင်ယာတော် အိမ်ရှေ့မိဘုရား ဆိုတဲ့ ဂုဏ်ဟာ မိန်းကလေး တထောင်မှာ တယောက် တသောင်းမှာ

တယောက် ရဖို့ မလွယ်ဖူး ထင်လို့ မျက်နှာသာပေးလှတဲ့ သူ့ ကံကြမ္မာ ဟာ ရွှေကွပ်ထားသလို တောက်ပနေခဲ့တယ်လို့ ထင်ခဲ့တယ်။

ဒါပေမဲ့ သူ့ရဲ့ အိမ်ထောင်သက်ဟာ ၅ နှစ်ဘဲခံတယ်။


ချားလ်စ်နဲ့ ဘယ်လိုတွေ့ကြတာလဲဆိုတော့ ဒိုင်ယာနာ ရဲ့အမ ဆာရာနဲ့ ချားလ်စ် ဒိတ်လုပ်တဲ့ပွဲမှာချားလ်စ်က ဒိုင်ယာနာကို သဘာကျသွားတာဘဲ ..၁၆ နှစ် သာသာ ရှိသေးတဲ့ ဒိုင်ယာနာ သိတ်လှနေမှာဘဲလို့ တွေး ကြည့်

မိတယ်။

ဒိုင်ယာဟာ အစဉ်အလာတွေကို ဆန့်ကျင်သူလို့ နာမည်ကြီးတယ် ။ နန်းတော်ထဲ ကလေး နို့လှန် တိုက်တာကအစ .. ဘယ်သူ့မှ ဂရုမစိုက်ဖူး လို့

သူ့ဘက်က ဇောင်းပေးပြီး ရေးထားတာ ဖတ်ဖူးတယ် ။

အမှတ်မဲ့ ကြည့်ရင် ဟုတ်မလိုလိုဘဲသေချာ တွေးကြည့်ရင် မဖြစ်သင့်တဲ့ ကိစ္စတွေမှာ ခေါ်င်းမမာသင့်ဘူးလို့ ကျွန်မ ထင်တယ်။ ဂျပန်မိဖုရား မာဆာကိုဟာ လက်မထပ်ခင်က ထက်တဲ့ မိန်းမ တယောက်ဘဲ ..

ယူမယ်လို့ ဆုးံဖြတ်ပြီးချိန်မှာ ဂျပန်နိုင်ငံက နန်းတော်ရဲ့တံတိုင်းကြီးတွေ နောက်ကွယ်မှာ ဘဝကို တသက်လုးံမြှုပ်နှံသွားခဲ့တယ်။ ဒါဟာ သိက္ခာရဲ့ ပြယုဂ်ပါ ..ရွေးချယ်ခဲ့တဲ့ လမ်းကို အဆုးံထိလျောက်သွားတဲ့ လူတယောက်ရဲ့ ကြီးမြတ်မှုလို့ တင်စားချင်တယ်။

ဒိုင်ယာနာဟာ အဆင့်တန်းမခွဲခြားတတ်ဘူး လို့ ဆိုတယ်။ ချီးကျူးစရာပါ။ မီးဖိုထဲ ဝင်သွားပြီး ကော်ဖီသောက်ချင်တယ်လို့ ဆိုပြီး စိတ်မြန်လက်မြန် တခါတလေ သူ့ ဘာသူ ဖျော်သောက်တယ်။ ဘေးက လူကိုလဲ နင်ရောသောက်အုးံမလား လို့ မေးပါသေးတယ်လို့ ဆိုတယ်။ သဘောကတော့ သောက်မယ်ဆို၂ ယောက် စာ သူဖျော်ပေးမယ့် သဘောရှိတယ်။


တကယ်တော့ ငါမလွတ်လပ်ဖူးဆိုတဲ့ စိတ်မှာ ငါယူခဲ့တာ ဘယ်သူဆိုတာ တွေးခဲ့ရင် ချားလ်စ် အနေနဲ့ ငယ်ချစ်ဦးကမီလာ လှည့်ချင်တိုင်း လည်နေတဲ့ ချားလ်စ် ကို သူပြန်ရနိုင် ကောင်းတယ် ။


ချားလ်စ် ဆိုတာ အသက်မရှိတဲ့ မျက်နှာသေနဲ့

နန်းတော်ထဲ ကြီးခဲ့ရတဲ့ သူမဟုတ်လား ..မင်းသား
သာမဟုတ်ရင် သူ့ မှာ ဘာမှ ဆွဲဆောင်မှု့ မရှိဘူးလို့
ကျွန်မ ထင်တယ်။ သူ့ ကမ္ဘာနဲ့ သူ ကျေနပ်နေတဲ့
လူစားမျိုး ..အဲလို လူတွေက အပေါ်င်းအသင်းလဲ
နည်းတယ် ..တွယ်တာမိတဲ့သူ .. သူတို့ စိတ်ထဲ
ကောင်းတယ် ထင်တဲ့ သူကို စွဲလန်းနေတတ်တဲ့
သူမျိုး..

ဒိုင်ယာနာဟာ တကယ်တော့ မပါးနပ်တဲ့

မင်းသမီးလေး ပါ ..

တကယ်ဆို ဒီအိမ်ထောင်ရေးကို ဆက်တည် ဆောက်မယ်ဆီုရင် ချားလ်စ် လိုလူဟာ မိန်းမ တယောက်ကို ချစ်ဖို့ထက် သူ့ ကိုချစ်တဲ့ မိန်းမကိုသာ အလိုရှိတယ်ဆိုတာ သူမ သိရပါမယ်


ဖက်ရှင်ကျနေဖို့ထက် ချားလ်စ်ရဲ့ဖက်ရှင်ကို သတိထားမိဖို့ လိုပါတယ်


သူမ အလှကို ယောက်ကျားက အသိအမှတ်မပြုရင်ကိုယ့်ယောင်္ကျား အသိအမှတ်ပြုတဲ့ အလှကို ရှာဖွေသင့်တယ်။


တကယ်ဆို...

ပန်းခင်းကြီးထဲက တပွင့်သောပန်းသာ ခူးပြီး
ပန်ဆင်ရတဲ့ ဘဝမှာ အလှဆုးံဖြစ်ဖို့ထက် အမြတ်နိုးဆုးံ ပန်းကလေးတပွင့် သေချာဖို့ လိုတာပါ ..

အဲဒါဆို သူ့ အလိုလို လှသွားမယ်လို့ ယုံကြည်

တယ်လေ ။

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...