- သွေးကြောကြီးများယောင်ခြင်း ( Giant cell arteritis )
- <<<<<<<<<<<<<<>>>>>>>>>>>>>>>
- သွေးကြောကြီးများယောင်ခြင်း ဆိုသည်မှာ ဦးခေါင်းမှသွေးလွှတ်ကြောကြီးများ၊အထူးသဖြင့်နားထင်ရှိသွေးလွှတ်ကြောကြီးများယောင်ခြင်းဖြစ်သည်။
- ဖြစ်ပွားရသော အကြောင်းရင်းများ
- ********************************
- အကြောင်းရင်းမှာတိတိကျကျ မရှိသေးသော်လည်း လေ့လာတွေ့ရှိချက်များအရ မျိုးရိုးဗီစ ပြသာနာနှင့် ဆက်စပ်မှုရှိနိုင်သည်။
- Giant cell arteritis သည် သွေးကြောကြီးများ၏နံရံများယောင်ခြင်းမှ ခန္တာကိုယ်တစ်ခုလုံးရှိကလပ်စည်းများသို့ သွေးအရောက်နည်းလာကာ လိုအပ်သော အောက်ဆီဂျင် နှင့် အာဟာရများမရသည်အထိဖြစ်လာနိုင်သည်။များသောအားဖြင့် အရွယ်အစားကြီးမားသော သွေးကြောကြီးများဖြစ်ပွားလေ့ရှိသည်။အဖြစ်များဆုံးမှာ နားထင်တစ်ဝိုက်သို့ သွေးထောက်ပံ့ပေးသောသွေးကြောတစ်ခုတွင်ပိုမိုဖြစ်ပွားလေ့ရှိသည်။ထို့ကြောင့် နား၏ရှေ့ဘက်မှ ဦးရေပြားထိနာကျင်လေ့ရှိသည်။
- ဖြစ်နိုင်ချေများသူများ
- •••••••••••••••••••••••
- ပိုမိုဖြစ်ပွားနိုင်သူများမှာ -
- (၁) အသက်အရွယ်အရ အသက် ရ၀ နှင့် ၈၀ ကြားတွင် အဖြစ်များသည်
- (၂) အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆ ပိုမိုဖြစ်ပွားနိုင်သည်
- (၃) မျိုးရိုးတွင် Giant cell arteritis ရောဂါရှိသူများ
- (၄) ဥရောပမြောက်ပိုင်း နိုင်ငံများရှိ လူဖြူများတွင် အဖြစ်များသည်
- (၅) Polymyalgia rheumatica ရောဂါရှိပါကလည်း သွေးကြောကြီးများယောင်ခြင်းကို ပိုမိုဖြစ်ပွားနိုင်သည်
- လက္ခဏာများ
- ^^^^^^^^^^^
- - အဖြစ်များဆုံးရောဂါလက္ခဏာမှာ ခေါင်းကိုက်ခြင်းဖြစ်သည်။များသောအားဖြင့် ခေါင်းနှစ်ခြမ်းစလုံးဖြစ်တတ်သည်။
- - အခြားရောဂါလက္ခဏာများမှာ -
- -အမြင်ဝေဝါးလာခြင်း(မျက်စိတစ်ဖက်တည်းဖြစ်လေ့ရှိပြီး ရောဂါဆိုးလာပါက ၂ဖက်လုံးဖြစ်လာနိုင်သည်)
- - ရုတ်တရက်အမြင်ကွယ်သွားခြင်း
- - ဦးရေပြားနာကျင်ခြင်း(အထူးသဖြင့် ခေါင်းဖြီးချိန်တွင်)
- - မေးရိုးကိုက်ခြင်း
- - ကိုယ်ပူခြင်း
- - နှုန်းချိခြင်း
- - သိသိသာသာ ပိန်သွားခြင်း
- ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- ''''''''''''''''''''''''''''''''''''''''''''''''''''
- - မျက်စိဝေဝါးလာလျှင်
- - ခေါင်းခဏခဏ ကိုက်ခြင်း
- စစ်ဆေးမှုများ
- ^^^^^^^^^^^^
- - ဆရာဝန်မှ ခံစားနေရသော ရောဂါလက္ခဏာမေးမြန်းခြင်းဖြင့် ရောဂါကို အကြမ်းဖျင်းသိရှိနိုင်ပါသည်။
- - Physical examination - ဆရာဝန်နှင့်ရောဂါလက္ခဏာများစစ်ဆေးခြင်း
- - Blood tests - သွေးစစ်ဆေးခြင်း
- - Biosy - အသားစယူပြီး စစ်ဆေးခြင်း
- - Magnetic resonance angiography ( MRA ) - သံလိုက်ဓာတ်မှန်ဖြင့် သွေးကြောများ စစ်ဆေးခြင်း
- - Doppler ultrasound - အသံလှိုင်းဓာတ်မှန်ဖြင့် သွေးကြောများ စစ်ဆေးခြင်း
- - Positron emission tomography (PET) - ရေဒီယိုသတ္တိကြွစက်ဖြင့် သွေးကြောများ စစ်ဆေးခြင်း
- ကုသခြင်း
- ^^^^^^^^^^
- ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်ဆေးဖြင့် ကုသနိုင်ပါသည်။
- အိမ်တွင်းကုသနည်းများအနေဖြင့်
- - ကျန်းမာရေးအတွက် သင့်တင့်လျှောက်ပတ်သော အစားအစာများစားခြင်း
- - ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- - ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်း
- - ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် aspirn ဆေး သောက်ပေးခြင်း
- ကာကွယ်ခြင်း
- ^^^^^^^^^^^^
- - အထက်ပါ အိမ်တွင်းကုသနည်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကာကွယ်နိုင်သည်။
- နောက်ဆက်တွဲ ပြသာနာများ
- """"""""""""""""""""""""""""
- အချိန်မှီ မကုသပါက
- - Permanent blindness - အမြင်အာရုံလုံးဝဆုံးရှုံးခြင်း
- - Aortic aneurysm - ခန္တာကိုယ်တစ်ခုလုံးသို့သွေးပို့ဆောင်ပေးသော သွေးကြောမကြီးဖောင်းခြင်း(ပေါက်သွားပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်)
- - Stroke - လေဖြတ်ခြင်း( အဖြစ်နည်းသည် )
- Credit - Yadanar
- Ref: Mayo Clinic
Wednesday, June 14, 2017
သွေးကြောကြီးများယောင်ခြင်း ( Giant cell arteritis )
Subscribe to:
Post Comments (Atom)
ဂျပန်က လူသေတွေထားတဲ့ဟိုတယ်ကြီး
ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...
-
နွယ်နီနတ်ပန်းပင် (ခ)ဂင်ပိတ်ပင် 💬💬💬💬💬💬💬💬 သဘာဝဆေးဘက်ဝင်ပုံနှင့် * နွယ်နီနတ်ပန်း *အပင်ကို ယခုမှ လေ့လာမှုရရှိ၍ ဗဟုသုတအြ...
-
၁။ အဆုတ်တွင်း ရေ၀င် ရောဂါ ( Health Digest ) အဆုတ်တွင်း ရေ၀င်တယ်ဆိုတဲ့ စကားလုံးဟာ အသုံးအနှုန်းမှားနေပါတယ်။ သာမန်စဉ်းစားလိုက်တဲ့အခါ အဆုတ်ထဲ...
-
လိပ်ခေါင်းရှိသူများ အလွယ်ကုသနည်း ရှစ်သွယ် လိပ်ခေါင်းကြောင့် နာကျင်မှု၊ ယားယံမှုနဲ့ ရောင်ရမ်းမှုတွေကို ခံစား နေရပါသလား။ လိပ်ခေါင်း ဝေဒနာတွေ ...
No comments:
Post a Comment