Saturday, June 10, 2017

#အသည်းခြောက် #ရောဂါ

#အသည်းခြောက် #ရောဂါ
💬💬💬💬💬💬
အသည်းသည် လူ့ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်လာသည့် အညစ်အကြေးများနှင့် အဆိပ်
အတောက်များ၊ ပိုးမွှားများအား ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့မှု မရှိစေရန် ထိန်းသိမ်းကာကွယ်
ပေးသည့် အရေးပါသော လူ၏ ကိုယ်တွင်းအင်္ဂါ တခုဖြစ်သည်။

အစားအသောက်များနှင့် အတူ ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သမျှသော အရာအားလုံးအား
အူမကြီးမှ စုပ်ယူကာ သွေးပြန်ကြောမှ တဆင့် အသည်းထဲသို့ ၀င်ရောက်သွားရာ အသည်း
သည် ၀င်ရောက်လာသည့် အရာများထဲမှ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုး မပြုသည့် အရာ
များအား တားဆီးခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ပေးသည်။ ထို့ကြောင့် အသည်းသည် ခန္ဓာ ကိုယ်၏ ရေစစ်သဖွယ် အလုပ်လုပ်ပေးသည့် အင်္ဂါတခုဖြစ်သည်။

သို့သော် အသည်းသည်လည်း အခြားသော ကိုယ်တွင်း အင်္ဂါများကဲ့သို့ ပျက်စီးခြင်း၊
ရောဂါ ဖြစ်ပွားခြင်းများ ဖြစ်ပေါ်တတ်ပြီး အသည်း၌ ဖြစ်ပွားတတ်သည့် ရောဂါများတွင်
အသည်းရောင်အသားဝါ ဘီ၊ စီ၊ အသည်းကင်ဆာ၊ အသည်းခြောက်ခြင်း စသည့် ရောဂါ
များမှာ လူသိများသည့် ရောဂါများဖြစ်သည်။
အဆိုပါရောဂါများထဲမှ အသည်းခြောက်ခြင်းသည်လည်း ဂရုပြုရမည့် ရောဂါတခုဖြစ်သည်။
အသည်းခြောက်ရောဂါအား Cirr hosis ဟုခေါ်ပြီး လူတဦးတယောက်တွင် အသည်းခြောက်
ရောဂါ ခံစားနေရပါက ဆရာဝန်များသည် ဆေးမှတ်တမ်းတွင် CL သို့မဟုတ် COL ဟုဖော်ပြ
လေ့ရှိကြကြောင်း အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းကပြော
သည်။
အသည်းခြောက်ခြင်းဆိုသည်မှာ အသည်းတွင် အမာရွတ်များထင်ကာ အသည်း၏ ဖွဲ့စည်းပုံ ပျက်ပြားသွားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အသည်းခြောက်သည်ဟု ကောက်ချက်
ချနိုင်ရန် အချက်သုံးချက်နှင့်ပြည့်စုံရမည်ဟု ပညာရှင်များကပြောသည်။
အဆိုပါ အချက် သုံးချက်မှာ အသည်းတွင် အမာရွတ်များထင်ခြင်း၊ အသည်းတခု
လုံးတွင် ဖြစ်ပွားခြင်း အသည်း၏ ဖွဲ့စည်းပုံ ပျက်ပြားသွားခြင်းတို့ဖြစ်သည်။
အသည်းခြောက်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ အသည်းရောင် အသား
ဝါ ဘီနှင့် စီပိုးများကြောင့်လည်းကောင်း၊ အရက်သောက်သုံးမှု များ၍သော်လည်းကောင်း၊
အသည်းအဆီဖုံး၍သော်လည်းကောင်း အသည်း ခြောက်ရောဂါ ဖြစ်ပွားတတ်ကြောင်း သိရ
သည်။
အခြားအသည်းခြောက် ရောဂါဖြစ်ပွားစေသည့် အကြောင်းအရာများလည်းရှိရာ ယင်းတို့မှာ
မွေးရာပါ ဇီဝကမ္မ ချို့ယွင်းခြင်းကြောင့် အသည်းခြောက်ခြင်း၊ နာတာရှည် နှလုံးရောဂါ
ကြောင့် အသည်းခြောက်ခြင်း၊ အချို့သောဆေးဝါးများနှင့် ဆေးမြီးတိုများဖြစ်သည့် အရွက်
အခြောက်များကြောင့် အသည်းခြောက်ခြင်း၊ ငရုတ်သီးခြောက်နှင့် အခြား အခြောက်
အခြမ်း ပစ္စည်းများတွင် တွယ်ကပ်နေတတ်သည့် အာဖာတောက်စင် မှိုကြောင့်လည်း
ကောင်း အသည်းခြောက်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်းသိရသည်။
အထက်ဖော်ပြပါအချက်များတွင် အသည်းခြောက်စေသည့် အကြောင်းအရာများစွာရှိသော်
လည်း အသည်းရောင်အသားဝါ ဘီ၊ စီ၊ အရက်နှင့် အသည်းအဆီဖုံးခြင်းတို့ကြောင့် အသည်း
ခြောက်ခြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များကြောင်း ပါမောက္ခဒေါက်တာခင်မောင်ဝင်း က
ပြောသည်။
အသည်းခြောက်ရောဂါ ခံစားလာရပါက အကြောင်းမဲ့ အထွေထွေကျန်းမာရေးချို့တဲ့ခြင်း၊
စိတ်ပိုင်းဆိုင်ရာ ကယောင်ချောက်ချားဖြစ်ခြင်း၊ သွေးမတိတ်ခြင်း သွေးအန်ခြင်း၊ အရေပြား
လက်သည်းစသည်များ ပုံပျက်ပန်းပျက် ဖြစ်ခြင်း၊ အသားဝါ ခြေထောက်ရောင် ရေဖျဉ်းဆွဲ
ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်လာကြောင်း သိရသည်။
“အသည်းခြောက်လာရင် လူ ကြည့်တော့အကောင်း၊ ဒါပေမဲ့ ဟိုဟာဖြစ်လိုက်၊ ဒီဟာဖြစ် လိုက် ဖြစ်မယ်၊ ရောဂါစစ်ဆေးလည်း မတွေ့ဘူး။ ဘာမှန်းညာမှန်းမသိပဲ ခန္ဓာကိုယ် အလေး
ချိန်ကျမယ်၊ ပိန်မယ်၊ နုံးမယ်ဆိုရင် အသည်းခြောက်ရောဂါကို မမေ့ပါနဲ့”ဟု ဒေါက်တာ ခင်
မောင်ဝင်းက ပြောသည်။
အသည်းခြောက်ရောဂါ ခံစားရပါက အကြောင်းမဲ့ အထွေထွေ ကျန်းမာရေးချို့တဲ့ရခြင်းမှာ
အသည်းသည် လူ့ခန္ဓာကိုယ်ထဲသို့ အစားအသောက်များမှတဆင့် ၀င်ရောက်လာမည့် အညစ်
အကြေးများ၊ ဓာတုဗေဒပစ္စည်းများအား ချေဖျက်တားဆီးပေးသည် ဟု အထက်တွင် ဖော်ပြခဲ့
ပြီးဖြစ်သည်။ သို့သော် အသည်းခြောက်ပါက အသည်း၏ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်
ဆောင်နိုင်ခြင်း မရှိသည့်အတွက် အဆိုပါ ပိုးမွှား အညစ်အကြေးများနှင့် ဓာတုဗေဒ ပစ္စည်း
များသည် ခန္ဓာကိုယ်အနှံ့သို့ ၀င်ရောက်သွားသဖြင့် အကြောင်းမဲ့ ဖျားနာခြင်း၊ အထွေ
ထွေ ကျန်းမာရေး ချို့တဲ့ခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း သိရသည်။
အသည်းခြောက်ရောဂါ ခံစားနေရသူများသည် တခါတရံတွင် စိတ်ကယောက်ကယက်
ဖြစ်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်။ ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ အသည်း ဦးနှောက်နှင့်
စိတ်တို့သည် ဆက်စပ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
လူတို့ စားလိုက်သည့် ပရိုတင်းများသည် အူမကြီးအတွင်းရှိ ဘက်တီးရီးယားများနှင့် ထိ
တွေ့ကာ အမိုးနီးယားအဖြစ်သို့ပြောင်း လဲသွားတတ်သည်။ အဆိုပါ အမိုးနီးယားများသည်
သွေးပြန်ကြောမှ တဆင့် အသည်းထဲသို့ ရောက်ရှိသွားကာ အသည်းမှ တဆင့် ယူရီးယား
အဖြစ်သို့ ပြောင်းလဲပြီး ကျောက်ကပ်မှ ဆီးအဖြစ် စွန့်ထုတ်ပေးခြင်းဖြစ်သည်။

သို့သော် အသည်းမကောင်းသူများသည် အူမကြီးအတွင်း၌ ဖြစ်ပေါ်လာသည့်အမိုးနီးယားများ
အား ယူရီးယားအဖြစ် မပြောင်းလဲနိုင်တော့ပဲ အဆိုပါ အမိုးနီးယားများသည် သွေးပြန်
ကြောမှ တဆင့် ဦးနှောက်ထဲ ရောက်ရှိသွားကာ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ
အား အဆိပ်အတောက်ဖြစ်စေသဖြင့် စိတ်ကယောက်ကယက် ဖြစ်ပေါ်လာစေကြောင်း
သိရသည်။
ထို့ကြောင့် အသည်းမကောင်းသူများသည် စိတ်ကယောက်ကယက် မဖြစ်စေရန် မိမိတွင် အသည်းခြောက်သည်ဟု တွေ့ရှိပါက ပရိုတင်းစားသုံးခြင်းအား လျှော့ချသင့်ကြောင်း
ပါမောက္ခဒေါက် တာခင်မောင်ဝင်းကပြောပြသည်။
အသည်းခြောက်သူများသည် သွေးမတိတ်ခြင်း၊ သွေးအန်ခြင်းများလည်း ဖြစ်ပေါ်တတ်သည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ အသည်းသည် သွေးခဲစေသည့် ပရိုတင်းတစ်မျိုးကို ထုတ်ပေးလေ့ရှိ
သော်လည်း အသည်းခြောက်နေပါက ထိုပရိုတင်းကို ထုတ်မပေးနိုင်တော့ပဲ သွားဖုံး၊ နှာခေါင်း
တို့မှ တဆင့် သွေးများ စိမ့်ထွက်တတ်ကြောင်းသိရသည်။ ထို့အပြင် အရေပြားပေါ်တွင် သွေး
များစိမ့် ထွက်သဖြင့် အရေပြားတွင် အပြောက်များထင်ခြင်း များဖြစ်ပေါ် တတ်ကြောင်းသိရ
သည်။
“အသည်းခြောက်ရောဂါရှိ နေတဲ့သူက သွေးမတိတ်တာ ဖြစ်တတ်တဲ့အတွက် သွားနှုတ်
မယ်ဆို သွေးမတိတ်ပဲ ဒုက္ခရောက်နိုင်တယ်”ဟု ဒေါက်တာခင်မောင်ဝင်းကပြောသည်။
ထို့အပြင် အသည်းခြောက်သူများသည် သွေးအန်ခြင်းလည်း ဖြစ်ပွားနိုင်ရာ ထိုသို့ဖြစ်ခြင်း မှာ သွေးပြန်ကြောအတွင်းမှ သွေးများသည် အသည်းထဲသို့ မ၀င်နိုင်ပဲ ပြန်လည် စီးဝင်သွား
ရာမှ အစာအိမ်လမ်းကြောင်း၊ အူမကြီး၊ အစာမြိုလမ်းကြောင်း စသည်တို့တွင် သွေးများစု ကာ သွေးကြောထုံးများ ဖြစ်ပွားပြီး အဆိုပါ သွေးကြောထုံးများပေါက်သွားပါက
သွေးအန်ခြင်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ထို့အပြင် ခန္ဓာကိုယ်၏ အခြားသော နေရာများဖြစ်သည့် စအို၊နှာခေါင်းကဲ့သို့သော နေရာ
များမှ သွေးများ ထွက်တတ်သေးသဖြင့် အခြားသောရောဂါများနှင့်လည်း မှားယွင်းတတ်
ကြောင်း သိရသည်။
သွေးအန်ခြင်းသည် အသည်းခြောက်ရောဂါ၏ ကြောက်စရာအကောင်းဆုံးနှင့် သေဆုံး
မှု အဖြစ်နိုင်ဆုံးသော ရောဂါလက္ခဏာတခုဖြစ်ကြောင်း သိရသည်။
“အသည်းက ပိုပိုခြောက်လာတာနဲ့ အမျှ သွေးပြန်ကြောမှာ ဖိအားတွေ ပိုများလာပြီး သွေး
ကြော ထုံးတွေ ပေါက်ဖို့ ပိုနီးစပ်လာတယ်။ အဲဒီလိုနဲ့ သွေးကြောတွေ ပေါက်ပြီး သွေးနီနီ
ရဲရဲတွေ အန်ချလိုက်ရင် ရုတ်တရက် အသက်ပါ သေသွားနိုင်တယ်” ဟု ဒေါက်တာခင်
မောင်ဝင်းကပြောသည်။
အသည်းခြောက်ရောဂါ ခံစားနေရသူများတွင် အခြားပြင်းထန်သည့် လက္ခဏာတရပ်မှာ
ခြေထောက်ရောင် ဗိုက်ဖောင်း၍ ရေဖျဉ်းစွဲခြင်းပင်ဖြစ်သည်။အသည်းခြောက်သူများသည်
အဆို ပါလက္ခဏာများပေါ်ပေါက်လာပါက ရောဂါအခြေအနေမှာ အတော်ပင် နောက်ကျ
နေပြီ ဟု ဒေါက်တာခင်မောင်ဝင်းက ပြောသည်။
တခါတရံတွင် အသည်း ခြောက်သူများသည် အထက်ပါ လက္ခဏာများအား မပြသသေးပဲ အပြင်ပန်းလက္ခဏာများအဖြစ် အရေပြားနှင့် လက်သည်းတို့တွင်လည်း လက္ခဏာများပြသ တတ်ကြောင်းသိရသည်။
အရေပြားတွင် ပြတတ်သည့် လက္ခဏာများမှာ မျက်နှာ၊ လက်မောင်းနောက်ဘက်၊ ကျောနှင့်
ရင်ဘတ်တို့တွင် Spider ဟုခေါ်သည့် အစက်များ ထွက်လာခြင်းပင်ဖြစ်သည်။ အဆိုပါ အစက်
များသည် ပင့်ကူကဲ့သို့ပင် အလယ်တွင် အဖောင်းရှိပြီး ဘေးဘက်တွင် ပင့်ကူခြေထောက်
များကဲ့သို့ အမြွှာများ ထွက်နေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစက်အပြောက်များသည် သေးငယ်သည့် အစက်အပြောက်များမှ ကြီးမားသည့်
အစက်အပြောက်များ အထိ ဖြစ်ပွားတတ်ကြောင်းသိရသည်။ ထို့အပြင် အခြား အပြင်ပန်း
လက္ခဏာများမှာ အမျိုးသားများ၏ ရင်သားများသည် အမျိုးသမီး ရင်သားများကဲ့သို့ ကြီး
ထွား လာမည်ဖြစ်ပြီး အမျိုးသမီးများတွင်မူ ရင်သားများ သေးငယ်သွားတတ်ကြောင်း
သိရသည်။
အလားတူ ချက်ပတ်ပတ်လည်တွင် သွေးကြောထုံးများ ထွက်လာခြင်းလည်း ဖြစ်ပွားတတ်
သည်။ ထို့အပြင် အမျိုးသမီးများတွင် မျိုးပွားအင်္ဂါ အနီးတ၀ိုက်ရှိ အမွေးအမှင်များ နည်းပါး သွားခြင်းတို့ ဖြစ်ပွားတတ်ပြီး အမျိုးသားများတွင်မူ ဝှေးစေ့သေး သွားခြင်း ယောက်ျားတန် ဆာ သေးငယ်သွားခြင်းတို့ ဖြစ်တတ်ကြောင်းသိရသည်။
အလားတူ မျက်နှာနှင့် လက်များသည် မည်းညစ်ခြောက်ကပ် နေမည်ဖြစ်ပြီး လက်ချောင်းထိပ်များသည် အနီရောင်ဖြစ်နေမည် ဖြစ်ကာ လက်သည်းများသည် ဖြူဖွေးနေမည်ဖြစ်
ကြောင်း သိရသည်။
ထိုကဲ့သို့ အပြင်ပန်းလက္ခဏာများ ပေါ်ချိန်တွင် အသည်းသည် မခြောက်သေးသည့်တိုင် မာနေပြီဖြစ်ကြောင်းကိစpစု ပြသခြင်းဖြစ်သည်ဟု သိရသည်။
ထိုအချိန်တွင် အနေအထိုင် ဆင်ခြင်ခြင်း၊ဆေးဝါးကုသမှု စနစ်တကျ ခံယူခြင်းနှင့် အရက်သောက်တတ်သူများ အရက်ဖြတ်ခြင်းတို့ဖြင့် အသက်ရှည်ရှည် နေထိုင်ကြရမည်ဖြစ်
ကြောင်း သိရသည်။
Credit to original writer


No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...