Wednesday, May 24, 2017

ပိုပြီးအဆင်ပြေချောမွေ.သော ဘဝနေနည်း (၁၀)မျိုး

ပိုပြီးအဆင်ပြေချောမွေ.သော ဘဝနေနည်း (၁၀)မျိုး

ကျွန်မတို့တွေအများစု လိုချင်တောင့်တကြတာကတော့ ရိုးရှင်းလှတဲ့ ဘဝတွေပါ။ ဒါပေမယ့် အနည်းစုကတော့ ဒီဘဝတွေကိုပိုင်ဆိုင်ဖို့ ဘာမှမလုပ်ကြပါဘူး။ ရိုးရှင်းလှတဲ့ဘဝရဲ့ ရိုးရှင်းလှတဲ့ သာယာမှုတွေအတွက် အချိန်ဆိုတာကို မပေးနိုင်ကြဘူးလေ။ အောက်ဖော်ပြပါ အချက် (၁၀)ချက်ကိုဖတ်ကြည့်ပြီး ကျွန်မတို့ဘဝတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်လိုက်ကြရအောင်။



၁။ ကိုယ်မတတ်နိုင်တဲ့အရာကိုမဝယ်ပါနဲ့။



၂။ အိမ်ကို ရှုပ်ပွမနေစေဘဲနေချင်စရာကောင်းအောင် ထားပါ။

အိမ်ကိုသပ်သပ်ရပ်ရပ်ထားပြီး ပစ္စည်းတွေကိုသူ့နေရာနဲ့သူ ထားမယ်ဆိုရင် နေထိုင်ရတာလွယ်ကူအဆင်ပြေစေပါတယ်။ အိမ်ထဲမှာပစ္စည်းတွေများပြီး၊ ထိန်းသိမ်းရမှာများနေရင် အိမ်မှုကိစ္စတွေ မပြီးနိုင်အောင်လုပ်နေရတာကြောင့် ဒုက္ခများပါတယ်။

၃။ ကိုယ့်ကိုယ်ကိုပေးအပ်ထားတဲ့တာဝန်တွေကိုလျှော့ချပါ။

တကယ်လုပ်ဖို့ လိုအပ်တဲ့ကိစ္စတွေကိုဦးစားပေးပါ။ သိပ်အရေးမကြီးတဲ့ ကိစ္စတွေကိုမလုပ်လည်းရပါတယ်။ ကိုယ်လုပ်ရမယ့် တာဝန်တွေထဲမှာထည့်သင့်တဲ့ အချက်ကတော့ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ်ချစ်ရတဲ့သူအတွက် အချိန်ပေးဖို့ပါပဲ။

၎။ ကိုယ့်အတွက် သင့်တော်မယ့် ပန်းတိုင်ကိုရွေးချယ်ချမှတ်ပါ။

ဘဝဆိုတာအဆက်မပြတ်တိုးတက် ပြောင်းလဲနေတာပါ။ ဒါကြောင့် ဒီနေ့ပဲအရာအားလုံးကိုရရှိလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကိုလက်ခံနိုင်ဖို့ သင်ယူပါ။ ကိုယ့်ကိုယ်ကိုလွန်လွန်မင်းမင်းတွန်းအားတွေမပေးပါနဲ့။ ကိုယ့်ကိုယ်ကိုနဲ့ တခြားလူတွေကို မဖြစ်နိုင်တဲ့ ကတိမပေးပါနဲ့။ ဒါဆိုရင် ဘဝကပိုပြီးလွယ်ကူလာပါလိမ့်မယ်။

၅။ ရလဒ်တွေပေါ်မှာအာရုံစိုက်ပါ။

အလုပ်အရမ်းရှုပ်နေတာက ကိုယ့်ရဲ့တစ်နေ့တာကို ပြည့်ပြည့်ဝဝဖြတ်သန်းစေနိုင်မှာ မဟုတ်ပါဘူး။ အလုပ်ထဲမှာကိုယ့်တာဝန်တွေကိုသေသေချာချာ ကြည့်ပါ၊ ပြီးရင် တကယ်လုပ်ဖို့လိုအပ်လားလို့ ကိုယ့်ကိုယ်ကိုပြန်မေးပါ။ လိုတယ်ဆိုရင် ဒါကိုလုပ်လိုက်ခြင်းဖြင့် ဘာအကျိုးကျေးဇူးခံစားရမယ်ဆိုတာကို စဉ်းစားသုံးသပ်ကြည့်လိုက်ပါ။

၆။ မပြောင်းလဲနိုင်တဲ့ ကိစ္စတွေကြောင့် စိတ်မပူပါနဲ့။

တခါတရံဘဝမှာကိုယ်ဘာမှမတတ်နိုင်တဲ့ ကိစ္စလေးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် စိတ်မတိုပါနဲ့။ ကိုယ်ထိန်းချုပ်နိုင်ပြီး၊ ပြောင်းလဲလို့ရတဲ့ ကိစ္စတွေအပေါ်မှာပဲအာရုံစိုက်ပါ။ ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။

၇။ ပြီးပြည့်စုံခြင်းကိုရှာဖွေတာကိုရပ်လိုက်ပါ။



၈။ ပုံမှန်အိပ်ပါ၊ ပုံမှန်နားပါ၊ အလုပ်မှာအကန့်အသတ်ရှိပါစေ။

ဒီနေ့အလုပ်မပြီးလို့ ညလည်လောက်မှ အိပ်ယာဝင်တာကနောက်နေ့လုပ်ရမယ့်အလုပ် လုပ်တဲ့အခါ ပင်ပန်းစေတာပဲအဖတ်တင်ပါတယ်။ အလုပ်တွေအားလုံးကိုလည်းထိထိရောက်ရောက် မလုပ်နိုင်ပါဘူး။ အလုပ်မပြီးတဲ့အတွက် နောက်နေ့လည်း နောက်ကျတဲ့အထိ အလုပ်လုပ်နေမိတော့မှာပါ။ ဒါကြောင့် အလုပ်မှာအကန့်အသတ်ထားပြီးနားချိန်နားမယ်၊ ပျော်ပါးချိန် ပျော်ပါးမယ်၊ ဒါမှရိုးရှင်းတဲ့ ဘဝလေးကိုထိန်းသိမ်းနိုင်မှာပါ။

၉။ လက်လျှော့ဖို့ မကြောက်ပါနဲ့။

စိတ်ဓာတ်လှုံဆော်ရေးသမားတွေအားလုံးကတော့ အနိုင်ရရှိသူတွေကဘယ်တော့မှ လက်မလျှော့ဘူးလို့ ပြောပါလိမ့်မယ်။ဒါပေမယ့် အနိုင်ရရှိသူတွေအားလုံးကပျော်ရွှင်နေတယ်လို့ မဆိုလိုပါဘူး။ တကယ်လို့ အလုပ်တစ်ခုခုကကိုယ့်ကိုစိတ်ဖိစီးမှုတွေ အများကြီးပေးပြီးမပျော်ရွှင်စေဘူးဆိုရင် လက်ထောင်ပြီး “မလုပ်နိုင်ဘူး” လို့ပြောလိုက်ဖို့ မကြောက်ပါနဲ့။ ဒီလိုလုပ်လိုက်တာကတိုင်နဲ့ ကိုယ့်ခေါင်းကိုယ်ဆောင့်နေတာထက်တော့ ပိုကောင်းပါတယ်။

၁၀။ ကိုယ်နှစ်သက်တဲ့ အလုပ်တွေကို ပြုလုပ်ပါ။

ကျွန်မတို့တွေကကိုယ်နှစ်သက်တဲ့ အလုပ်ကိုသာလုပ်မယ်ဆိုရင် လွယ်ကူအဆင်ပြေစေပါတယ်။ ဒီသဘောတရားလေးကိုအလုပ်အပါအဝင် နေရာတိုင်းမှာအသုံးချပါ။ ပိုက်ဆံရှာဖို့ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ဆန္ဒကြောင့်ဖြစ်ဖြစ် ကိုယ်မနှစ်သက်တာကိုမပြုလုပ်ပါနဲ့။

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...